ဇူလိုင်လ ၂၀ ရက်နေ့တုန်းက ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်တဲ့ Rex Chapman ရဲ့ Twitter ကနေပြီး ဗီဒီယိုလေးတစ်ခုတင်ထားခဲ့ပါတယ်။ ကောင်မလေးတစ်ယောက်ရဲ့ တောင်တက်တုန်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ သူ့အတွက် ထူးဆန်းလွန်းလို့ သဘောကျပြီး တင်ခဲ့တာပါတဲ့။ ဖြစ်ပုံကတော့ဒီလိုပါ။ သူငယ်ချင်းတစ်သိုက်ဟာ မက္ကဆီကိုမှာ တောင်တက်ခရီးစဉ်တစ်ခုကို သွားခဲ့ပါတယ်။ San Pedro Garza Garcia မှာရှိနေတဲ့ Chipinque Ecological ဥယျာဉ်ထဲမှာပေါ့။