စပွန်ဆာပေးဖို့ လာကမ်းလှမ်းတာတွေ အများကြီးကြုံခဲ့ရဖူးတယ်ဆိုတဲ့ မေပန်းချီ

မေပန်းချီကတော့ အမိုက်စားခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် အမျိုးသားထုကြီးရဲ့ဝန်းရံအားပေးခြင်းကို ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ အနုပညာလောကမှာ နေရာတစ်ခုရလာသူဖြစ်ပြီး အနုပညာရှင်တွေထဲမှာ မရိုးတဲ့အရာတစ်ခုဖြစ်တဲ့ စပွန်ဆာယူလေ့ရှိကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။

” တချို့တွေကျတော့ အနုပညာကိုခုတုံးလုပ်ပြီး စပွန်ဆာနဲ့ကမ္ဘာပတ်နေသူတွေရှိသလို အခုချိန်ထိယက်ကန်ယက်ကန်ကြိုးစားနေသူတွေလည်း ရှိကြတယ်.. ဒါကတော့ စကားဆိုတာဖြစ်လာတယ်ဆိုကတည်းက သူတို့လည်းအပြင်မှာမြင်ဖူးဆုံဖူး တွေ့ဖူးနေကြလို့ ဒီဟာက ဖြစ်လာတာပေါ့နော်.. ဒါကြီးကို မရှိပါဘူး အနုပညာသမားတွေအကုန်လုံးက ကောင်းပါတယ်ဆိုပြီးတော့လည်း ပန်းချီ မပြောချင်ဘူး… မကောင်းတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေလည်း ရှိတယ်.. အဲ့ဒါတောင် အနုပညာအသိုင်းအဝိုင်းမှာမှ မဟုတ်ဘူး.. အပြင်ကောင်မလေး တချို့တွေမှာလည်း ရှိကြတာပဲ..

ပန်းချီဆို အသက်(၁၉) နှစ်လောက်ကတည်းက အနုပညာစလုပ်တာဆိုတော့ လူတွေက အခုအချိန်ထိလည်း ရှိတယ်… လာကမ်းလှမ်းကြတာ.. ဒါကြီးက ကြွားစရာတစ်ခုလိုပြောပြာနေဖို့လည်း မဟုတ်ဘူး… ဒီလိုမျိုးတွေကကြုံတယ်… ဒါပေမယ့် ဘယ်အရာမဆို အပေးအယူရှိကြတာပဲ.. ဘယ်သူမှ အလကားမပေးဘူး… သူ ဒါပေးရင် ကိုယ်ဒါပေးရမှာပဲ .. အဲ့တော့ စဉ်းစားတယ်.. ကိုယ့်ရင်ဘတ်ထဲက မပါဘဲ ကိုယ်မချစ်မနှစ်သက်ဘဲ လူတစ်ယောက်နဲ့ ဘယ်လိုအခြေအနေထိ ပတ်သက်နိုင်မလဲ.. သေချာတာတော့ စပွန်ဆာပေးတယ်ဆိုကတည်းက အအိုတွေပဲ များမယ်”ဆိုပြီး စပွန်ဆာယူတာနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးတချို့ကို မျှဝေခဲ့ပါတယ်။ ဒါ့အပြင် ပန်းချီကတော့ သူ့ကို လူတော်တော်များများက စပွန်ဆာနဲ့ရပ်တည်နေတယ်ထင်ကြတဲ့သူတွေများတဲ့အကြောင်း ဖြေကြားထားတဲ့ အင်တာဗျုးဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive On Cele Gabar
Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *