တောင်တက်ရင်း ဝက်ဝံကြီးတစ်ကောင် အနားကပ်လာပြီး မခွာတော့တဲ့ ကောင်မလေးရဲ့အဖြစ်

ဇူလိုင်လ ၂၀ ရက်နေ့တုန်းက ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်တဲ့ Rex Chapman ရဲ့ Twitter ကနေပြီး ဗီဒီယိုလေးတစ်ခုတင်ထားခဲ့ပါတယ်။ ကောင်မလေးတစ်ယောက်ရဲ့ တောင်တက်တုန်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ သူ့အတွက် ထူးဆန်းလွန်းလို့ သဘောကျပြီး တင်ခဲ့တာပါတဲ့။

ဖြစ်ပုံကတော့ဒီလိုပါ။ သူငယ်ချင်းတစ်သိုက်ဟာ မက္ကဆီကိုမှာ တောင်တက်ခရီးစဉ်တစ်ခုကို သွားခဲ့ပါတယ်။ San Pedro Garza Garcia မှာရှိနေတဲ့ Chipinque Ecological ဥယျာဉ်ထဲမှာပေါ့။ ခဏလောက် အနားယူနေတုန်းမှာတင် အဖွဲ့ထဲက ကောင်မလေးတစ်ယောက်ရဲ့အနားကို သတ္တဝါတစ်ကောင်ကပ်လာခဲ့ပါတယ်။

အမွှေးမည်းတွေတစ်ကိုယ်လုံးပြည့်နှက်နေတဲ့ ဝက်ဝံတစ်ကောင်ပါ။ ဝက်ဝံဆိုတာ စိတ်အခန့်မသင့်ရင် လူ့အသက်ကိုတောင် သေစေနိုင်တဲ့သတ္တဝါတစ်ကောင်မဟုတ်လား။ ဒီလိုချဉ်းကပ်ခံရတဲ့ ကောင်မလေးခင်ဗျာ စစချင်းမှာတော့ လန့်ပြီးမင်သက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ခဏအကြာမှာတော့ အေးဆေးဖြစ်သွားပုံပါပဲ။

မတ်ကပ်ရပ်ပြီး လိုက်တို့ထိနေတာတောင်မှပဲ ကောင်မလေးက မကြောက်တော့ဘဲနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖုန်းဆွဲထုတ်ပြီး selfie တောင် ထုတ်ရိုက်ပစ်တော့တယ်။ အသည်းယားစရာဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

 

Add a Comment

Your email address will not be published. Required fields are marked *